ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်နမ့်ခုံးရှမ်းများပရဟိတ(လူမှုကူညီရေး) ဗဟိုမှ လင်းခေးမြို့နယ်အသင်းခွဲအတွက် ပေးအပ်ခဲ့သောစက် လှေ(အငယ်စား) တစ်စီးအား တာဝန်ရှိသူတို့မှ ဝမ်တိန်းကျေးရွာသို့ ထပ်ဆင့်လွှဲပြောင်းပေးအပ်

လင်းခေး သြဂုတ် ၂၇

ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီဆောင် ရွက်ပေးသွားနိုင်ရေး ရည်ရွယ်လျက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နမ့်ခုံးရှမ်းများပရဟိတအသင်း(ဗဟို)က လှူဒါန်းပေး အပ်လာသည့် စက်လှေငယ်တစ်စီး အား မြို့နယ်အသင်းခွဲမှ တာဝန်ရှိသူတို့က ထပ်ဆင့်လွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ၃နာရီက လင်းခေးမြို့၊ မဟာဝိဟာရကျောင်းကြီး ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စက်လှေအား လင်းခေးမြို့နယ်အသင်းခွဲအသင်းအနေဖြင့် နေရာဒေသမရွေး သွားရောက် ကူညီဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ လှူဒါန်းပေးအပ်လာခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အသင်းခွဲမှ နန်းရွှေဌေးက ပြောပြခဲ့သည်။

စက်လှေအမျိုးအစားမှာ ဓာတ်ဆီအင်ဂျင် ပန်ကာတပ် ဖြစ်ပြီး စက်လှေ၏ ကာလတန်ဖိုးမှာ ကျပ်(၈ဝဝဝဝဝိ) ခန့်ရှိပြီး လင်းခေးမြို့နယ် ဝမ်တိန်းကျေးရွာသို့ လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)