လှိုင်သာယာမြို့(အနောက်ပိုင်း)နယ်၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask များ အခမဲ့ ဖြန့်ဝေ
Aug 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်၈နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ မြို့နယ်တပ်ဖွဲ့ဝင်များ ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အမှတ်(၁၃)ရပ်ကွက်ရှိ ပင်လုံဈေးတွင် ကွင်းဆင်း ဆောင်ရွက်သည်။