သတင်းများ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်
Aug 29,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၇ ရက် အထိ(၁၄)ရက်နှင့် သြဂုတ် ၈ ရက်မှ ၁၄ ရက်အထိ ထပ်တိုး(၇) ရက်ဖြင့် ရပ်ကွက် / ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာ အသီးသီး၌ ကပ်ထားကြေညာပြီးဖြစ်ရာ ယမန်နေ့ ညနေပိုင်းအထိ ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၁၈၈၂)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၁၇၄၄)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန်လျှောက်ထားသူ (၁၀၅၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
စေတုတ္တရာမြို့တွင် စိုက်ပျိုးနည်းစနစ်(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် လက်တွေ့စမ်းသပ်စိုက်ပျိုး
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးမှုနည်းပညာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဒေသခံတောင်သူ များအား စိုက်ပျိုးမှု နည်းပညာသစ်များဖြင့် စိုက်ပျိုးနိုင်စေရေး ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ တောင်သူ ဦးထွန်းအေးကျော်၏ လယ်မြေတွင် ဆင်းသုခ စပါးမျိုး စိုက်ပျိုးနည်းစနစ်(၄)မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် လက်တွေ့စမ်းသပ်စိုက်ပျိုးခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေနှင့် ကိုဗစ်-၁၉ အထူးချေးငွေများ ထုတ်ချေးပြီးစီး
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေကို သြဂုတ် ၂၄ ရက်နေ့နှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို သြဂုတ် ၂၈ ရက်နေ့တွင် အပြီးထုတ်ချေးပြီးဖြစ် ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ် သမဝါယမအသင်းစုမှ အ​ခြေခံအသင်းသားများကို အာလူးနှင့်ကြက်သွန်ဖြူ အခမဲ့ဖြန့်​ဝေ​ပေး
Aug 29,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင်၊ မြို့နယ်သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်သမဝါယမအသင်း စုမှ တစ်ဆင့် အသင်းသားများအား ယမန်​နေ့နံနက်ပိုင်းက အာလူးနှင့်ကြက်သွန်ဖြူတို့ကို အခမဲ့ဖြန့်​ဝေ​ပေးလျက်ရှိ​ကြောင်း သိရသည်။
ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ရွှေ့ပြောင်းရသော အိမ်ထောင်စုများအတွက် အိမ်သစ်ဆောက်လုပ်ရန်နှင့် ရိက္ခာဘိုးငွေပေးအပ်
Aug 29,2020
ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ရွှေ့ပြောင်းရသော အိမ်ထောင်စုများအတွက် အိမ်စတင်ဆောက်လုပ်ရန် စရိတ်နှင့် ရိက္ခာဘိုးငွေ ပေးအပ်ပွဲကို ကွန်းရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်
Aug 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအ‌နေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွတ်ခိုင်မြို့၊ မြို့မဈေးအတွင်းအပြင်နှင့် မြို့မဈေးအ‌ရှေ့ (ပြည်ထောင်စုလမ်းမ)၌ နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြင့် ပြုလုပ် ဆောင်ရွက်သည်။
သရက်ခရိုင်၊ မင်းတုန်းမြို့တွင် မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲစာရင်း စိစစ်ရေး လုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တန်ဖိုးထားအပ်သောအရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Aug 29,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Youth Club၊ Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ ဆရာဖေမြင့်၏ "တန်ဖိုးထားအပ် သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။