သတင်းများ

ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်မြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထကောင်း ရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက High Class ကားဂိတ်ရှေ့၊ ထီးလင်း-ကျောက်ထုသွား ကားလမ်းဆုံ၊ မြန်မာ့စီးပွားရေးဘဏ်ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ် ခေါဇာမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 29,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြား များအား ပြည်သူများထံ တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက ခေါဇာမြို့ မြို့လယ်ဘုရားဓမ္မာရုံတွင် ကျင်းပသည်။
ဒိုက်ဦးမြို့နယ် Covid -19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီ မှဦးဆောင်၍ Mask များအခမဲ့ဝေငှ
Aug 28,2020
Covid -19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ဦးဆောင်၍ mask များ ဝေငှခြင်းကို သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ ၊ စည်ပင်သာယာမြို့မဈေးကြီး ရှေ့၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့် ဝန်ထမ်းများ ၊ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့ များ ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊ NGO များ တက္ကသိုလ် ကျောင်းသား/ကျောင်းသူစေတနာရှင်အဖွဲ့များ ပူးပေါင်း ၍ ခရီးသွားပြည်သူများ ၊ ဈေးရောင်း ဈေးဝယ်သူများအား mask အခု(၁၀၀၀) ခန့်အခမဲ့ဖြန့်ဝေပေးခြင်းပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့သည်။
ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှု​ရေးပင်စင်​ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်​ဆောင်မိခင်များနှင့် ၄င်းတို့မှ​မွေးဖွားလာ​သော အသက်(၂)နှစ်​အောက် က​လေးငယ်များအား ​ထောက်ပံ့​ငွေ​ပေးအပ်
Aug 28,2020
ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှု​ရေးပင်စင်​ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်​ဆောင် မိခင်များနှင့် ၄င်းတို့မှ​ မွေးဖွားလာသည့် အသက်(၂)နှစ်​အောက် က​လေးငယ်များအား​ ထောက်​ငွေပေးအပ်ခြင်းကို ယ​နေ့နံနက်(၈)နာရီအချိန်က ဖားစည် သံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်၌ ကျေးရွာအရောက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင်ကျေးလက်ဈေးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19)ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နေ့လည်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စု များအား ထောက်ပံ့ငွေများပေးအပ်
Aug 28,2020
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက် ကုန်ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဩဂုတ် ၂၈ ရက်က ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၅)အုပ်စုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေး ကော်မတီမှ အဖွဲ့များခွဲ၍ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ စွမ်းဆောင်ရည်မြင့်သော အမျိုးသမီးများ ပေါ်ထွက်လာစေရန် အမျိုးသမီး ခေါင်းဆောင် မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
Aug 28,2020
ကျေးလက်နေပြည်သူများနှင့် ဌာနဆိုင်ရာများ ချိတ်ဆက်လုပ်ဆောင်မှု ပိုမိုအားကောင်း လာစေရန်၊ ကဏ္ဍ အသီးသီးမှ စွမ်းဆောင်ရည်မြင့်သော အမျိုးသမီးများ ပေါ်ထွက်လာစေရန်နှင့် လူငယ် အချင်းချင်း ကွန်ယက်ချိတ်ဆက်ပြီး လုပ်ငန်းဆောင်တာများအတူတကွလုပ်ဆောင်လာနိုင် စေရန် ရည်ရွယ်၍ မာဃဖွံ့ဖြိုး ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ ကန့်တန်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ထိန်းချုပ်​ ကုသ​ရေးဆိုင်ရာကျန်းမာ​ရေးအ​ထောက်အကူပြုပစ္စည်းများ​စျေးနှုန်းမြှင့်တင်​ ဖြန်ဖြူးရောင်းချခြင်း မပြု​ရေး ကွင်းဆင်းစစ်​ဆေး
Aug 28,2020
ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်အတွင်းရှိ ​ဆေးဝါးဆိုင်များ၊စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ်ကုသ​ရေးဆိုင် ရာ ကျန်းမာ​ရေးအ​ထောက်အကူပြု ပစ္စည်းများ ​စျေးနှုန်းမြှင့်တင်ဖြန့်ဖြူး​ရောင်းချခြင်း မပြုရန်နှင့် ကုန်စည်အမှတ်တံဆိပ်အညွှန်းများအား မြို့နယ် အစားအ​သောက်နှင့်​ဆေးဝါး ကြီးကြပ်ကွပ်ကဲ​ရေး​ကော်မတီ ဌာနဆိုင်ရာ ပူး​ပေါင်အဖွဲ့များဖြင့် ယ​နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။