သတင်းများ

ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု၌ မဲစာရင်းများမှန်ကန်ရေး ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေး
Aug 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ မှန်ကန်စေရေး ကွင်းဆင်း၍ အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့သည်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ် သမဝါယမအသင်းစုမှ အခြေခံသမဝါယမအသင်း အသင်းသားများသို့ စျေးနှုန်း ချိုသာစွာဖြင့် ကြက်သွန်ဖြူ၊ အာလူးများ ရောင်းချ
Aug 27,2020
မွန်ပြည်နယ် မုဒုံမြို့နယ် သမဝါယမအသင်းစုမှ အခြေခံသမဝါယမအသင်း၊ အသင်းသားများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ စားသုံးနိုင် ရေးအတွက် ယမန်နေ့ နံနက်၁၀နာရီခွဲမှစ၍ ကြက်သွန်ဖြူနှင့် အာလူးများကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။
ကန့်ဘလူခရိုင် Covid-19 ရောဂါထိန်းချုပ်ရေး ကျန်းမာရေး အထောက်အကူပြုပစ္စည်းများရောင်းချမှုအခြေအနေ ကွင်းဆင်းစစ်ဆး
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ကန့်ဘလူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန စည်ပင်သာယာရေးကော်မတီအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ ဆေးဆိုင်များတွင် Covid-19 ရောဂါထိန်းချုပ်ရေး အတွက် အရေးကြီး ကုန်စည်များဖြစ်သည့် ကျန်းမာရေးအထောက်အကူ ပစ္စည်း Mask ၊ Hand Gel များကို စျေးနှုန်းမြှင့်တင် ရောင်းချမှုများမရှိစေရေး ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးနိုင်ရန် နှာခေါင်းစည်းများ တပ်ဆင်သွားလာရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 27,2020
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် နှာခေါင်းစည်းများတပ်ဆင်ပြီးမှသွားလာရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များပူးပေါင်းပါဝင်သည့် အဖွဲ့များသည် သြဂုတ်လ (၂၇) ရက်၊ နံနက် (၁၀) နာရီမှစတင်ကာ ရန်ကုန်-မန္တလေးကားလမ်းနှင့် ရန်ကုန်-ဘုရားငါးဆူလမ်းခွဲတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကျင်းပ
Aug 27,2020
ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့၊ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မိတ်ဖက်လူမှု အဖွဲ့အစည်းများနှင့် NGO အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Aug 27,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်နှင့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့်ဝင်ရောက် လာသော နေရပ်ပြန် ကျား(၅၀)ဦး နှင့်မ(၅၂)ဦး စုစုပေါင်း(၁၀၂)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။
ကလောမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုယ်အပူချိန် တိုင်းတာစစ်ဆေး ခြင်းနှင့်အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Aug 27,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီအချိန် ကလောမြို့ ပြည်ထောင်စုလမ်းမကြီး မြို့အဝင်ဂိတ်တို့တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။