ကိုဗစ်-၁၉ ရောဂါအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလိုက်လံနှိုးဆော်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုလော ဩဂုတ် ၂၉

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလော မြို့နယ်ဦးစီးမှူး ​ဒေါ်စောမြနွယ်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် လက္ကူးကျေးရွာမှ ဖေးမကူညီ တွဲလက်များ၊ ပရဟိတအသင်းတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှု ကြိုတင် ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယမန်နေ့ နံနက်(၈)နာရီက ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။

ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုရှိ လက္ကူး၊ မှော်ကြောင်း၊ မြဒေါင်၊ ပဲ့ထောက်၊ ပြင်းဖြူ စသည့် ကျေးရွာ (၅)ရွာ၌ လက်ကို မကြာခဏဆေးရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ လက်သန့်ဆေးရည် များကို တစ်ပါးတည်းယူဆောင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအဝေးတွင်သာ နေထိုင်သွားလာကြရန်နှင့် ရေးဘေး၊ မိုးခေါင်ရေရှားဘေး၊ လျှပ်စစ်အန္တရာယ်၊ ငလျင်ဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို လိုက်လံနှိုးဆော်ခဲ့၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးမော်(ပုလော ပြန်/ဆက်)