မိုင်းယောင်း၌ မိုးစပါးအထွက်တိုးရေး ပိုးမွှားကာကွယ်ဆေးများ ထောက်ပံ့ပေးအပ်
Sep 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ရေး အတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူများအား ပိုးမွှားကာကွယ်ဆေး ထောက်ပံ့ ပေးအပ် ခြင်းကို ယနေ့ နံနက်ပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။