ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် တတိယနေ့ အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပိုင်ကျုံ၊ စက်တင်ဘာ   ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ  ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့်လုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံ-လှိုင်းဘွဲလမ်းရှိ ကစိုကျေးရွာ၊ ပိုင်ကျုံမြို့လမ်းခွနှင့် ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာရှိ ထီလုံ-ပိုင်ကျုံ-‌ကော့ကရိတ်လမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကို ပိုင်ကျုံမြို့ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်သွားရာတွင် Maskများ မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ မိမိအိမ်တွင်စနစ်တကျ နေထိုင်ရန်၊ လက်များကို မကြာခဏဆေးကြောရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး Mask တပ်ဆင်လာခြင်းမရှိ သူများအား Mask တစ်ခုလျှင် (၅၀၀) ကျပ်နှုန်း ဒဏ်ငွေအဖြစ်ပေးဆောင်စေပြီး တပ်ဆင်စေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)