Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ် ထောက်ပံ့ပေးနိုင်ရန် စာရင်းကောက်ယူ

လှည်းကူး စက်တင်ဘာ ၄

Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဦးလျှင်(၃၀၀၀၀)ကျပ် ထောက်ပံ့ပေးနိုင်ရန် စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ကိုယ်ရေး အချက်အလက် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ Ngwe Bike Application ကို Download ဆွဲ၍ စာရင်းပေးသွင်းရာတွင် အဆင်ပြေလွယ်ကူစေရန် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လက်ကိုင်ဖုန်းများကို အတူတကွ ယူဆောင် လာစေရန်၊ ကိုယ်ဝန်ဆောင် မှတ်တမ်း(သို့) ကိုယ်ဝန်အပ်သည့်အချိန်၌ ထုတ်ပေးထားသော ဆေးမှတ်တမ်းတို့ကို  ယူဆောင် လာ၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း၊ လှည်းကူးမြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဦးလျှင်(၃၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်သွားနိုင်ရေးအတွက် သြဂုတ်လ (၂၅)ရက်နေ့မှ စတင်ကာ စက်တင်ဘာ(၁၄)နေ့ထိ စာရင်းသွင်းကောက်ယူသွားလျက်ရှိကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)