သတင်းများ

ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်‌ရေးအတွက် လမ်းညွှန်ချက်များ ကို လိုက်နာမှု မရှိသည့် ဆိုင်များအားအရေးယူခြင်း ဆောင်ရွက်
Sep 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် မြို့စည်ပင်သာယာရေးဌာနမှ ၀န်ထမ်း များက ကိုဗစ် - ၁၉ ရောဂါ မဖြစ်‌ပေါ်စေရေး ယာယီပျံကျဈေးနှင့် ကျောက်မြောင်းမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စား‌သောက်ဆိုင်များကို ယနေ့နံနက်  ၇ နာရီအချိန်တွင် ကျန်းမားရေး စစ်ဆေးခြင်းနှင့် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာမှုရှိ/မရှိကို စစ်‌ဆေး ဆောင်ရွက်နေကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ တောင်ကြီး- မိုင်းရှူးကားလမ်း၊ လားရှိုး-မိုင်းရှူး သွားကားလမ်းပေါ်ရှိ မိုင်းရှူးမြို့နယ် နားစံကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးရေးဂိတ်အား သြဂုတ်၃၁ရက်နေ့မှ စတင်၍ ကျန်းမာရေးစစ်ဆေးရေး ဂိတ်ပြန်လည်ဖွင့်လှစ်ခဲ့ရာ လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
နောင်တရားမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး အစည်းအဝေးကျင်းပ
Sep 04,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နိုင်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့တွင် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန် က နောင်တရားတိုက်နယ်ဆေးရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကျေးသီးမြို့နယ် မြေစိုက်နံရံကပ်ပြဘုတ်တွင် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာ
Sep 04,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတွင် သြဂုတ်၃၁ရက်နေ့ က ကပ်ထားကြေညာထားရှိပြီး ယနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီက မြို့လယ်လမ်းဆုံ၌ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေး လျက် ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေး ဟားခါး၌ကျင်းပ
Sep 04,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်း အဝေးခန်းမ၌ကျင်းပသည်။
စုကလိမြို့တွင် (၂၀၀) ကျပ်တန် အထူးထုတ်တံဆိပ်ခေါင်းများအား စတင်ရောင်းချ
Sep 04,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့တွင် (၂၀၀) ကျပ်တန် အထူးထုတ်တံဆိပ်ခေါင်းများအား ယနေ့နံနက် (၉) နာရီအချိန်က စုကလိမြို့ စာတိုက်ဝန်ထမ်း များမှ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများထံသို့ လက်ဝယ်အရောက်ရောင်းချပေးခဲ့သည်။