သတင်းများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စု လမ်းမပေါ်ရှိ တာလေမြို့ လမ်းအပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများကို မွမ်းမံပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိ
Sep 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့ အတွင်း ပါဝင်သည့် လမ်းအပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများအား ယာဉ်အန္တရယ် ကင်းရှင်းရေးနှင့် အများ ပြည်သူ တို့ ဘေးကင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် ပြန်လည်မွမ်းမံ ပြင်ဆင်နိုင်ရန် မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့က ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 04,2020
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်​ရေးအတွက် ဌာနဆိုင်ရာရုံးများတွင် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်​ဝေ
Sep 04,2020
ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ထိန်းချုပ်ကာကွယ်​ရေး​ကော်မတီ အဖွဲ့သည် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိ​စေ​ရေးအတွက် အရှိန်အဟုန်မပျက်​ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဌာနဆိုင်ရာရုံးများတွင် ယမန်​နေ့နံနက်ပိုင်းက နှာ​ခေါင်းစည်း Maskများ အခမဲ့ဖြန့်​ဝေခဲ့သည်။
ချင်းရွှေဟော် နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၂၆)ဦး ထပ်မံဝင်ရောက်
Sep 04,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်မှ နေ့စဉ် ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့၊ညနေ(၆)နာရီအချိန်က(၂၅)ဉီးနှင့် စက်တင်ဘာလ ၃ရက်နေ့ ယနေ့မွန်းလွဲ(၃)နာရီခွဲအချိန်က(၁)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၂၆)ဉီး ထပ်မံ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၌ (CERP) အစီအစဉ်အရ ငါးသားပေါက်ကောင်ရေ (၄၉၇၆၆၉)ကောင်အား ထောက်ပံ့
Sep 04,2020
ငါးသယံဇာတများ တိုးပွားစေရန်၊ ငါးထုတ်လုပ်မှု ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် (CERP) အစီအစဉ်အရ ငါးသားပေါက်ကောင်ရေ (၄၉၇၆၆၉) ကောင်အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက်ရေး လုပ်ငန်းများအား မြို့နယ် အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်
Sep 04,2020
စစ်ကိုင်းတိုင်းဒေသကြီး ၀က်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက် လျက်ရှိသော ထွန်စက်ဂိုဒေါင် နှင့်ကွန်ကရစ်လမ်းဆောက်လုပ်နေမှုများအား မြို့နယ်အရည်အသွေးစစ် ဆေးရေးအဖွဲ့တာဝန်ရှိသူများက စက်တင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ပဲခူးရိုးမတောတွင်းအထိ ဝါးခုတ်သွားကြရသူများ ပင်ပန်ကြီးစွာ လုပ်ကိုင်ကြရသော်လည်း အကျိုးအမြတ်ရရှိမှု နည်းပါး
Sep 04,2020
ပဲခူးရိုးမတောကြီးနှင့် ထိစပ်လျက်ရှိသော ရေတာရှည်မြို့နယ်အတွင်း ဆွာမင်းလမ်း၊ မြောက်လွှတ်ကုန်း၊ ရွှေသပြေ ကျေးရွာများရှိ ဒေသခံအချို့သည် ဝေးလံသော ပဲခူးရိုးမတောတွင်းအထိ ခက်ခဲပင်ပန်းစွာ သွားရောက်၍ ဝါးများကို ခုတ်ယူကြရသော်လည်း ပြန်လည်ရရှိသည့် အကျိုးအမြတ်မှာ နည်းပါးလှကြောင်း သိရှိရသည်။