သတင်းများ

ခင်ဦးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပါးစပ်၊ နှာခေါင်းစည်း (၁၀၀၀) ဖြန့်ဝေ
Sep 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့မဈေး၊ ယာယီပျံကျဈေးနှင့် လမ်းဆုံ နေရာတွင် ပါးစပ်၊ နှာခေါင်းစည်း (၁၀၀၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျောက်ဆည်မြို့နယ် လယ်ကြီးကျေးရွာတွင် ပဉ္စမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ထုတ်ချေးပေး
Sep 04,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်(၃၀၀)ကို ဖွံ့ဖြိုးမှုနည်းသည့် ကျေးရွာများအား ရွေးချယ်ပြီး ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀) နာရီက လယ်ကြီးကျေးရွာတွင် စီမံကိန်း ချေးငွေများ ပဉ္စမအကြိမ်အဖြစ် ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဂိတ်များမှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား တောင်ကြီးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာဒေသအသီသီးသို့ ဆက်လက် ပို့ဆောင်
Sep 04,2020
ရှမ်းပြည်နယ် အရှေ့ပိုင်း နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ များအား တောင်ကြီးမြို့ Taunggyi Business Center TBC အဝေးပြေးကားကွင်းမှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိကြောင်း မြို့နယ်အုပ်ချပ်ရေးမှူး ဦးဖြိုးမင်းထိုက် ထံမှ သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၄၈)ဦးအား သက်ဆိုင်ရာ ဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Sep 04,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေ သကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက် ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၃ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၉)ဦး နှင့် ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၃၉)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၄၈) ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ကျေးလက်နေပြည်သူများထံ သုတ/ရသ စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး
Sep 04,2020
ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အားလပ်ချိန်တွင် စာအုပ်စာပေများ ဖတ်ရှု လေ့လာနိုင်ရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်တွင် ဒက္ခိဏ သီရိမြို့နယ်၊ မဲဒီးကျေးရွာသို့ သွားရောက်၍ ကျေးလက်နေပြည်သူများအား နယ်လှည့်စာကြည့်တိုက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ စာအုပ် စာစောင်များ ငှားရမ်း ပေးခဲ့ကြသည်။
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမိန့်များကို လိုက်နာမှုမရှိသည့် KTV ဆိုင်ရှင်နှင့် လူငယ်(၁၃) ဦးအား ဖမ်းဆီးအရေးယူ
Sep 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမိန့်ကို လိုက်နာမှုမရှိသည့် KTV ဆိုင် ဖွင့်လှစ်သူဆိုင်ရှင်နှင့် လူငယ်(၁၃)ဦးအား ယမန်နေ့ည ၁၀ နာရီ က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ CERP အစီအစဉ်ဖြင့် မျိုးသန့်ပွား၊ မျိုးစေ့ထုတ်၊ စိုက်ခင်းများအား မြေသြဇာထည့်သွင်းမှုနည်းစနစ် အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Sep 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးသည့် တောင်သူ ဒေါ်နန်းသန်းသန်းဌေး ၏ လယ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင် က ဦးဆောင်၍ ဝန်ထမ်းများမှ ယမန်နေ့ ညနေ ၃ နာရီ က မျိုးသန့်ပွား၊ မျိုးစေ့ထုတ် စိုက်ခင်းများအား ဖြစ်ထွန်းအောင်မြင်ရန်အတွက် အပင်သက်တမ်းအလိုက် ထည့်သွင်းရမည့် မြေသြဇာထည့်သွင်းမှု နည်းစနစ်များအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့ ယာယီပျံကျဈေး၌ Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Sep 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် Mask အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာ ပေးခြင်းကို ယနေ့ နံနက် (၇)နာရီက ယာယီပျံကျဈေးတွင် ဆောင်ရွက်ခဲ့သည်။