ရန်ကုန် စက်တင်ဘာ ၄
ရန်ကင်းမြို့နယ်တွင် COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို ထားရှိရန် Quarantine Center အဖြစ် အသုံးပြုမည့် နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် အတွက် ယမန်နေ့ နံနက်ပိုင်း အချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များသည် ရန်ကင်းမြို့နယ်တွင် Community Base Quarantine အဖြစ် အသုံးပြုမည့် အမှတ်(၁) အခြေခံပညာ အထက် တန်း ကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ မိမိတို့မြို့နယ်အတွင်း ရောဂါပိုးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာ နှင့် ဆက်စပ်ထိတွေ့ရှိသူများအား အချိန်မီ Quarantine ထားရှိနိုင်ရေး၊ ပိုးတွေ့လူနာ နေထိုင်ခဲ့သော အိမ်နှင့် ပတ်ဝန်းကျင်အား ပိုးသတ် ဆေးဖြန်းခြင်းများနှင့် Lockdown ချထားရေးများ စသည့် COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင် ရေး လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လင်းလင်းထွန်း (ပြန်/ဆက်)