ထီးလင်း စက်တင်ဘာ ၄
မြို့တွင်းလမ်းများ တိုးတက်ကောင်းမွန်စေရေးနှင့်ရပ်ကွက်နေ ပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူချောမွေ့စေရေး တို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၂) ရပ်ကွက်ရှိ စော်ဘွားကြီးလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်လျက် ရှိသည်။
အဆိုပါလမ်းမှာ အရှည် ၆၂၈ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၈ လက်မရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၅၇ သိန်းဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မူလ မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ထားကြောင်း သိရသည်။
ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်လမ်းများ တိုးတက် ကောင်းမွန်စေရေး တို့အတွက် ရပ်ကွက်လမ်းများကို ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)