သတင်းများ

အင်ဂျန်းယန်မြို့၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး
Sep 05,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကွမ်ဂျီးက အဖွင့်အမှာစကား ပြောကြားသည်။
တမူးမြို့တွင် အီးအမ်ဘိုကာရှီ သဘာဝမြေသြဇာ ပြုလုပ်နည်း လက်တွေ့ ပြသ
Sep 05,2020
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အီးအမ်ဘိုကာရှီ သဘာဝမြေသြဇာ ပြုလုပ်နည်းကို ယမန်နေ့နံနက် ၁၀ နာရီက ဝက်ရှုနည်းပညာ ပြန့်ပွားရေး စင်တာအတွင်းရှိ ကွန်းတောင်းကျေးရွာအုပ်စု တောင်သူဦးခင်မောင်လွင်၏ (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားသည့် ကွင်းအမှတ်(၂၅၄) ဦးပိုင်အမှတ်(၁၃)လယ်မြေတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Sep 05,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာလမှ စတင်၍‌ နေ့စဉ် ည(၉) နာရီ အချိန်တိုင်း အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျုံဒိုးမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်
Sep 05,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က လူစည်းကားရာ နေရာများတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Sep 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီ အစဉ်အရ(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက‌ ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖားဆောင်းမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်နှင့် အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 05,2020
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊လုပ်ငန်းခွင်များတွင် COVID-19 ​ရောဂါ၊ကာကွယ်ထိန်းချုပ်​ရေးအတွက် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာ​ဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စစ်​ဆေးကြီးကြပ်​ရေးအဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ Covid-19 ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာ ခြင်း လုပ်ငန်းများ တစ်အိမ်တက်ဆင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
Sep 05,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း Covid-19 ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းလုပ်ငန်းများ တစ်အိမ်တက်ဆင်း ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် Community base Quarantine Centre အဖြစ် ထားရှိမည့် ထောက်ကြန့်မြို့၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး
Sep 05,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် ထောက်ကြန့်ရှိ ပညာရေးစီမံခန့်ခွဲမှုကျောင်းကို Community base Quarantine Centre အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းကို Community base Quarantine Centre အဖြစ် ဆောင်ရွက် သွားနိုင်ရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးကော်မတီမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။