ဒက္ခိဏသီရိ စက်တင်ဘာ ၄
ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အားလပ်ချိန်တွင် စာအုပ်စာပေများ ဖတ်ရှု လေ့လာနိုင်ရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်တွင် ဒက္ခိဏ သီရိမြို့နယ်၊ မဲဒီးကျေးရွာသို့ သွားရောက်၍ ကျေးလက်နေပြည်သူများအား နယ်လှည့်စာကြည့်တိုက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ စာအုပ် စာစောင်များ ငှားရမ်း ပေးခဲ့ကြသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်တွင် သုတ/ရသစာအုပ်စာစောင် (၂၀၀)ကျော် ပါရှိပြီး ကျေးလက်နေ ပြည်သူများ ငှားရမ်း ဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်(၁၁၀)ကျော်ကို ငှားရမ်းပေးခဲ့ကြပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်များကို ရက်သတ္တပတ် တစ်ပတ် (၁)ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ပြန်လည်၍ လဲလှယ် ငှားရမ်းပေး လျက်ရှိကြောင်းသိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)