သတင်းများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့တွင်အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်
Sep 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ တွင် အသက်(၁)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများကို စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ နားအွန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီ နှင့် ဝန်ထမ်းများကဆောက်ရွက်ခဲ့သည်။
ညောင်ရွှေမြို့နယ်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ အများပြည်သူ သိရှိနိုင်စေရန် ကပ်ထားကြေညာ
Sep 05,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအသီးသီး၌ အများပြည်သူ သိရှိနိုင်စေရန် ကပ်ထားကြေညာ ထားကြောင်း သိရသည်။
မေတ္တာမြို့ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ
Sep 05,2020
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့ တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် ထားဝယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်များစာရင်းကို ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ(၁)ရက်နေ့ မှစတင်၍ ကပ်ထား ကြေညာထားရှိကြောင်း သိရသည်။
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပ
Sep 05,2020
ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ယမန်နေ့နံနက် ၁၀ နာရီ က တိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ( ၇ ) ဦးနှင့် သတင်းမီဒီယာ (၄ ) ဦး တို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ က ဆောင်ရွက်ခဲ့သည်။
Cash For Work စီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Sep 05,2020
နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်−၁၉ ရောဂါကာလ စီးပွားရေးကုစားမှု (CERP)အစီအစဉ် အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် တာဝန်ရှိသူများက စက်တင်ဘာ (၃)ရက်နေ့ က သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအုပ်စု မိုးရွှေကူးကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ ပဲဒက်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာတွင် ကျေးရွာလမ်း ပြုပြင်ခြင်းလုပ်ငန်း၊ စုံစင်ကျေးရွာအုပ်စု စုံစင်ကျေးရွာတွင် ကျေးရွာစာသင်ကျောင်းပြုပြင်ခြင်း လုပ်ငန်း၊ ပဒေါက်ကြီးကျေးရွာ အုပ်စု ပဒေါက်ကြီးကျေးရွာတွင် ကုန်ထုတ်လမ်းပြုပြင်ခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုအား သတ်မှတ်စံနှုန်း ပြည့်မီစေရေးနှင့်သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
Sep 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရေဖြူမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် နိုင်ငံရေး ပါတီဝင်များတွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
COVID-19 စီးပွား‌ရေးကုစားမှု အစီအစဉ်(CERP) အရ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ ငွေပေးအပ်
Sep 05,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၏ ရုံးခန်းတွင် စက်တင်ဘာ ၄ ရက် နံနက်က COVID-19 စီးပွား‌ရေးကုစားမှုအစီအစဉ် (CERP)အရ ပဲခူးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ အား ထောက်ပံ့ငွေအပ်ခြင်း အခမ်းအနားကျင်းပခဲ့သည်။