မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက် ယာယီဈေးတွင် Mask Campaign ပြုလုပ်
Sep 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက် ယာယီဈေးတွင် COVID-19 ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် Mask Campaign ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်း(၁)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့မကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက် ၇ နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။