ခင်ဦး စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့မဈေး၊ ယာယီပျံကျဈေးနှင့် လမ်းဆုံ နေရာတွင် ပါးစပ်၊ နှာခေါင်းစည်း (၁၀၀၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ပါးစပ်၊ နှာခေါင်းစည်း ဖြန့်ဝေရာတွင် မြို့နယ်စည်ပင်သာယာရေးက အမှုဆောင်အရာရှိ ဒေါ်မာမာအောင်နှင့် ဝန်ထမ်းများက မြို့မဈေး၊ ယာယီပျံကျဈေးနှင့် လမ်းဆုံနေရာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအား Hand Speaker ဖြင့် အသိပေးကြေညာခြင်း၊ ဈေးသည်နှင့် ဈေးဝယ်များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဈေးရောင်း သူများ အား ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရောင်းချခြင်းမရှိပါသူများကိုငွေဒဏ်ရိုက်ခဲ့ရာ စက်တင်ဘာလ ၄ ရက်နေ့အထိ (၃၄) ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။
စိုးဝေအောင်(ခင်ဦး)