မိုင်းဆတ်မြို့ ယာယီပျံကျဈေး၌ Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

မိုင်းဆတ် စက်တင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် Mask အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာ ပေးခြင်းကို ယနေ့ နံနက် (၇)နာရီက ယာယီပျံကျဈေးတွင် ဆောင်ရွက်ခဲ့သည်။

ယာယီပျံကျဈေးတွင် ဈေးရောင်းချလျက်ရှိသော ဈေးသည်များနှင့် ဈေးဝယ်လာသူများအား မြို့နယ် COVID-19  ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် ဝန်ထမ်းများက Mask(၂၀၀)ခု အခမဲ့ဖြန့်ဝေပေးပြီး Mask တပ်ဆင်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည့် အကြောင်းနှင့် ဈေးရောင်း/ဈေးဝယ်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက် ရန် အသိပညာပေးပြောကြားသည်။

ဆက်လက်၍ အ.ထ.က ခွဲ(လ-၁) Quarantine Center တွင် Facility Quarantine ဝင်ရောက်နေသူများအား Mask၊ သောက်ရေသန့်နှင့် နံနက်စာ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်