ချင်းရွှေဟော် စက်တင်ဘာ ၄
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေ သကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက် ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၃ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၉)ဦး နှင့် ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၃၉)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၄၈) ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၄၈)ဦးမှာ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၃၅)ဦး တို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၁၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၁)ဦး၊ ကချင်ပြည်နယ်မှ (၂)ဦး၊ ချင်းပြည်နယ်မှ(၁)ဦး၊ ရခိုင်ပြည်နယ်မှ(၂၃)ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ(၉)ဦး တို့ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား(၈၂၅၄)ဦးနှင့် အမျိုးသမီး (၆၆၆၉)ဦး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၉၂၃)ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)