လှည်းကူး စက်တင်ဘာ ၅
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း Covid-19 ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းလုပ်ငန်းများ တစ်အိမ်တက်ဆင်း ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က လက်တလော Covid-19ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ် ထိန်းချုပ်ခြင်း၊ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာပ ပေါ်ပေါက် လာပါက အချိန်မီကုသနိုင်စေရန်၊ ရောဂါဆက်လက်ပြန့်ပွားမှု မရှိစေရေးတို့အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)