ကျောက်မြောင်း စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ(CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများ အား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက ကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမကျောက်မြောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ဝင်းက (CERP)ဖြင့် မိုးစပါးမျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ထောက်ပံ့ငွေပေးအပ်ရာ မခေါက်ကျေးရွာ တောင်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)