ကျုံဒိုးမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

ကော့ကရိတ်     စက်တင်ဘာ ၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေ ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က လူစည်းကားရာ နေရာများတို့တွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။

Mask Campaign ပြုလုပ်ရာတွင် အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့များပါဝင်ပြီး ကျုံးဒိုးမြို့ရဲစခန်းရှေ့လမ်းဆုံ၊ စျေးကြီး၊ ကူးတို့ဆိပ်၊ ကျုံဒိုးမြို့ အဝင်အထွက်လမ်းဆုံနေရာများတွင် လမ်းသွား လမ်းလာ ပြုလုပ်သူများ အပြင်ထွက်တိုင်း mask တပ်ဆင်ရေးအတွက် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ပေးရေး အသိပညာ ပေးခြင်းနှင့် Mask များ ဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို စက်တင်ဘာ(၃)ရက်နေ့မှ (၆)ရက်နေ့ထိ  လူစည်ကားရာနေရာတို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျုံဒိုး မြို့အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မြင့်ထံမှ သိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)