မင်္ဂလာဒုံ စက်တင်ဘာ ၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် ထောက်ကြန့်ရှိ ပညာရေးစီမံခန့်ခွဲမှုကျောင်းကို Community base Quarantine Centre အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းကို Community base Quarantine Centre အဖြစ် ဆောင်ရွက် သွားနိုင်ရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးကော်မတီမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးဆောင်ရွက်ရာတွင်မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ဒုတိယ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်သီသီထူး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သီးခြား နေထိုင်စောင့်ကြည့် မှု များ ပြုလုပ်သွားမည့် ကျောင်းဆောင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများမရှိစေရေးအတွက် ကြိုတင် ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းက ပြည်တွင်း၊ ပြည်ပက စောင့်ကြည့်ရမည့်သူများလိုအပ်ပါက Quarantine ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ပညာရေးစီမံခန်ခွဲမှုသင်တန်းကျောင်းတွင် စောင့်ကြည့်ဦးရေ (၁၅၀)ဦး ထားရှိရန် လျာထားကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်ဆက်)