လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ Covid-19 ကာလ အတွင်း Covid-19 ရောဂါပိုး တွေ့ရှိရသူများနှင့် အနီးကပ်ထိတွေ့မှု ရှိ/ မရှိ ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက အမှတ်(၃) ရပ်ကွက်တို့တွင် ကိုဗစ်−၁၉ ရောဂါပိုး ကူးစက် ပျံ့နှံ့မှု မရှိစေရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး အဖွဲဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဦး တို့ပူးပေါင်း၍ ရပ်ကွက် အတွင်းရှိ ပြည်သူများကို တစ်အိမ်တက်တစ်အိမ်ဆင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူ ချိန် တိုင်းတာခြင်း၊ ဖျားနာခြင်း ရှိ/ မရှိစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီ: မိဘပြည် သူများ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်းများ မဖြစ်မနေ တပ် ဆင်သွားလာကြရန်၊ လက်ကို မကြာခဏ စက္ကန်(၂၀) ကြာ ဆေးကြောရန်၊ တစ်ဦးနှင့် တစ်ဦး (၆)ပေ အကွာ နေထိုင် သွားလာကြရန်တို့ကို အမှတ်(၃)ရပ်ကွက်အတွင်း ကိုဗစ်−၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မရှိစေရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)