ဒီးမော့ဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေးဆောင်ရွက်

ဒီးမော့ဆို စက်တင်ဘာ    ၁၀


ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့သို့ ဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ်ရှိ ဌာနဆိုင်ရာများက လွိုင်ကော်-ဒီးမော့ဆို-မိုးဗြဲ-တောင်ငူ လမ်းဆုံနှင့် လွိုင်ကော်-ဒီးမော့ဆိုလမ်းပေါ်ရှိ ချယ်ရီလမ်းဆုံတို့တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေ သောပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး Mask တပ်ဆင်ခြင်းမရှိသူ (၁၉၀) ဦးအား Mask နှစ်ခုလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေကာ အရေးယူ ဆောင်ရွက်ခဲ့ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါကမဖြစ်မနေ Mask တပ်ဆင်အသုံးပြုပြီး ထွက်ခွာ သွားလာကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။    


ရီရယ်(ဒီးမော့ဆို)