သရက်ခရိုင် မင်းလှမြို့၌ အခြေခံပညာ အထက်တန်းကျောင်း နှစ်ထပ်ကျောင်း ဆောင် သစ်ဆောက် လုပ်မှု(၇၅)ရာခိုင်နှုန်းပြီးစီး

အထက်မင်းလှ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း၌ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်နှစ်ထပ် ကျောင်းဆောင်သစ် တည်ဆောက် ခြင်း လုပ်ငန်းများ (၇၅)ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်သည်။

အဆိုပါ နှစ်ထပ်ကျောင်းဆောင်သစ်အ ဆောက်အဦမှာ အလျား ၁၄၀ ပေ၊အနံ  ၃၀ ပေ RCနှစ်ထပ် ဆောင်အမျိုးအစား ဖြစ်ပြီးအပေါ်ထပ်တွင် စာသင်ခန်းလေးခန်းနှင့် အောက် ထပ် တွင်စာသင်ခန်း လေးခန်းပါ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေကျပ်  ၂၀၁.၆  သန်းဖြင့် Galaxy Power ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခြင်းဖြစ် ကြောင်းနှင့် ယခုအခါတွင် နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မှုမှာ ၇၅   ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းမြို့နယ် ပညာရေးမှူး ဦးဇော်ဝင်းထံမှသိရသည်။

ဇာဇာ(အထက်မင်းလှ)