ပခုက္ကူမြို့နယ် မြစ်ခြေမြို့တွင် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးခြင်းနှင့် နှာခေါင်း စည်း Mask များအခမဲ့ဖြန့်ဝေ

ပခုက္ကူ      စက်တင်ဘာ  ၁၀

ပခုက္ကူမြို့နယ် မြစ်ခြေမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိ ပညာပေး ယာဉ်ဖြင့် လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်းMask များအခမဲ့ဖြန့်ဝေခြင်းကို ယမန် နေ့ နံနက် ၈ နာရီ ကပြုလုပ်သည်။

ပခုက္ကူမြို့နယ်၊  မြစ်ခြေမြို့ ပြည်သူ့ခန်းမရှေ့ ဈေးလမ်းတစ်လျှောက်နှင့် ယာယီပျံကျဈေး တို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်းဈေးဝယ်ပြု လုပ်သူ များဖြတ်သန်း သွားလာ သူများအား နှာခေါင်းစည်းMask၁၀၅၀ခုကိုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး လှုံ့ဆော်ရေးယာဉ် ဖြင့်လည်း မြစ်ခြေမြို့တွင်အသိပညာပေး လှုံ့ဆော်ခြင်း များ ပြုလုပ်သည်။

အဆိုပါ အသိပညာပေးယာဉ်ဖြင့် လှုံ့ဆော်ခြင်းနှင့် Maskအခမဲ့ဖြန့်ဝေခြင်းတို့ကို မြစ်ခြေ တိုက်နယ် ဆရာဝန် ဒေါက်တာဝေမိုးအောင်နှင့် ဝန်ထမ်းများ၊ မြစ်ခြေနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ်စိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊မြစ်ခြေနယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ် ဦးစီးမှူးဦးကျော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြစ်ခြေမြို့ MC ပရဟိတ အဖွဲ့မှ ဦးဇော်ဝမ်း ထွန်းနှင့် အဖွဲ့ဝင်များကပူးပေါင်း၍အသိပညာပေးခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ကြောင်းသိရသည်။

ကိုတမာ(ပြန်/ဆက်)