သတင်းများ

အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူဆည်ရေလှောင်တမံ၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားပြုလုပ်
Jul 04,2021
ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ နယ်အတွင်းရှိ နန်ကသူဆည်‌ ရေလှောင်တမံ၌ ယနေ့ နံနက် ၉ နာရီက ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Jul 04,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်း စည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူတစ်ဦး ထပ်မံ‌တွေ့ရှိ
Jul 04,2021
ပဲခူးတိုင်း​ဒေသ​ကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အုပ်ပုံကျေးရွာနေ အမျိုးသားတစ်ဦးသည် ယမန်နေ့က ဖျားပြီးအနံ့မရရှိသဖြင့် မြို့နယ်ဆေးရုံသို့ အကြောင်းကြားပြီး သွား‌ရောက်ပြသခဲ့ရာ မြို့နယ်အားကစားခန်းမရှိ Quarantine Centre တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ (နှာခေါင်းတို့ပတ်)(RDT)ဖြင့် ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက် ခံထားရကြောင်း သိရှိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jul 04,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများကို ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာနှင့် အနောက်အင်းကုန်းကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့တွင် ကိုဗစ်−၁၉ အတည်ပြုလူနာ (၂)ဦး ထပ်မံတွေ့ရှိ
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းတွင် ကိုဗစ်−၁၉ ပိုးတွေ့လူနာ (၂)ဦးတွေ့ရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် MASK CAMPAIGN ဆောင်ရွက်
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့်  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက်  နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး MASK CAMPAIGN ပြုလုပ်ခြင်းကို အမှတ် (၁)၊ (၂) ၊ (၃) ရပ်ကွက်များ၌ လူစည်ကားရာ နေရာများတွင်  ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးနှင့် ရေချိုငါးသယံဇာတများ တိုးပွားရေးအတွက် (မေယုမြစ်ဖျား) သဘာဝရေပြင်အတွင်း ‌ရေချိုငါးသားပေါက်ကောင်ရေ (တစ်သိန်းငါးသောင်း) စိုက်ထည့်
Jul 04,2021
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်း ရေချိုငါးသယံဇာတများ မပြုန်းတီးစေရေး၊ ရေချိုငါးများ ဒေသတွင်းဖူလုံစွာ စားသောက်နိုင်ရေးအတွက် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျိုးများ နှစ်စဉ် စိုက်ထည့်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဘူးသီးတောင်မြို့နယ် (ပန်ဇင်းချောင်းတံတား‌အောက်) မေယုမြစ်ဖျားအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ပါးစပ်နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၆ နာရီခန့်က ကျောက်တလုံးကြီးမြို့၊ မြို့မဈေးနှင့် ဈေးအရှေ့ရှိ ကျောက်တလုံးကြီး-တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။