ဟိုင်းကြီးကျွန်းမြို့တွင် MASK CAMPAIGN ဆောင်ရွက်

ဟိုင်းကြီးကျွန်း    ဇူလိုင်   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့်  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက်  နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး MASK CAMPAIGN ပြုလုပ်ခြင်းကို အမှတ် (၁)၊ (၂) ၊ (၃) ရပ်ကွက်များ၌ လူစည်ကားရာ နေရာများတွင်  ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ယင်းသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဟိုင်းကြီးကျွန်းမြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိစေရေး၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်စေရေး ကြပ်မတ်စစ်ဆေးပြီး နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများအား နှာခေါင်းစည်း အခမဲ့ ဖြန့်ဝေ တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)