သတင်းများ

ဇီးကုန်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် ရပ်ကွက်/ကျေးရွာများ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ (၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 05,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယမန်နေ့မွန်းလွဲ ၂နာရီခွဲ က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ Postive လူနာ (၃)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အနံ့မရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit စစ်ဆေး၍ ပိုးတွေ့လူနာ(၃)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ သင်တန်းကျောင်းများ မိုးရာသီကာလ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jul 05,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးရုံးနှင့်သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများ စုပေါင်း၍ သစ်ပင်စိုက်ပွဲပျိုးပွဲကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ ပါသည်။
ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက် ကိုဗစ်-၁၉ရောဂါကူစက်ခံရသူများကို အစား အသောက်များ လှူဒါန်း
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ကြခတ်ရပ်ကွက်(၂)လမ်း၊ တိုးချဲ့ကွက်သစ် (၂) လမ်းတွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများကို အစားအသောက်းများ လှူဒါန်း၍ ယမန်နေ့ နံက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကို ဆောင်ရွက်ပေး လျက်ရှိရာ အိမ်မဲကြီးရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ သံသယလူနာ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နေ့လည်အချိန်၌ မြို့နယ်ပြည်သူ့ဆေးရုံတွင် မိုင်းပန်မြို့၊ အလယ်ရပ်ကွက်နေထိုင်သူ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ သံသယလူနာ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးရာ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် Isolation Ward နေရာတွင် ထားရှိကုသလျက်ရှိကြောင်း သိရသည်။