အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူဆည်ရေလှောင်တမံ၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားပြုလုပ်

အင်္ဂပူ ဇူလိုင် ၄

ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ နယ်အတွင်းရှိ နန်ကသူဆည်‌ ရေလှောင်တမံ၌ ယနေ့ နံနက် ၉ နာရီက ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်းကို အမှတ် (၅) တပ်မတော် တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ် ဇော်မြင့်ဦး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်‌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခတ္တာထွန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် မြို့နယ်ငါးမျိုး စိုက်ထည့်ခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များ၊ ခရိုင်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးငြိမ်ချမ်းနှင့် ဝန်ထမ်းများ၊ နန်ကသူဆည်ရေ လှောင်တမံမှ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများကဟင်္သာတ ငါးလုပ်ငန်းစခန်းမှ မျိုးကောင်းမျိုးသန့် ၂ လက်မ အောက်ခံ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၅၀၀၀) အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

ယခုလိုငါးမျိုးစိုက်ထည့်ပေးခြင်းကြောင့် ဒေသခံပြည်သူများ ရေရှည်စဉ် ဆက်မပြတ် စားသုံးနိုင်ရန်၊ ငါးသယံဇာတများပေါ များလာစေရန်၊ ငါးထုတ်လုပ်မှုများတိုးတက်လာစေရန်၊ ငါးမျိုးမပြုန်းတီးစေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးတင့်လွင်ထံမှသိရသည်။

မန်းကျော်(ပြန်/ဆက်)