ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျောက်တလုံးကြီး ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ပါးစပ်နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက် ၆ နာရီခန့်က ကျောက်တလုံးကြီးမြို့၊ မြို့မဈေးနှင့် ဈေးအရှေ့ရှိ ကျောက်တလုံးကြီး-တောင်ကြီး ပြည်ထောင်စုကားလမ်းမကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ဝန်ထမ်းများ၊ တိုက်နယ်ဆေးရုံကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူး ပေါင်း၍ ကျောက်တလုံးကြီး-တောင်ကြီး ပြည်ထောင်စုကားလမ်းမရှိ လမ်းသွား၊လမ်းလာပြည်သူများ၊ ဈေးရောင်း၊ဈေးဝယ် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေးတွက် ပါးစပ်နှာခေါင်းစည်း (Mask)များကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ အရာဝတ္တုတစ်ခုခု ကိုင်တွယ်ပြီးတိုင်း စနစ်တကျ လက်ဆေးကြောကြရန် ၊ အသိပညာပေးပြီး ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်း (Mask) ၅၀၀ ခု အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြဝင်း