သတင်းများ

ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းရေးအတွက် Maskများ ဖြန့်ဝေခြင်းနှင့် ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 04,2021
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင်  ကိုဗစ်- ၁၉ ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည့် Maskများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီက  ၆၂လမ်း × ၆၃လမ်းကြား၊ ၃၈လမ်း × ၃၉လမ်းကြားရှိ မနော်ရမ္မံဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့တွင် သစ်တောဦးစီးဌာနနှင့် AGD Bank မိသားစုတို့ ပူးပေါင်း၍ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 04,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့တွင် သစ်တောဦးစီးဌာနှင့် AGD Bank မိသားစုတို့ပူးပေါင်း၍ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ်၊ မိုင်းသောက် ကျေးရွာအုပ်စု၊ မိုင်းသောက်ရေထွက်တော၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။   
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ မိုးဗြဲကျေးရွာအတွင်း ပျက်စီးသွားသော နေအိမ်ပိုင်ရှင်များအား အခြေခံအိမ်ဆောင်ပစ္စည်းများ ထောက်ပံပေးအပ်
Jul 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ မိုးဗြဲကျေးရွာအတွင်း ပျက်စီးသွားသော နေအိမ်ပိုင်ရှင်များအား ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ယမန်နေ့ နံနက် (၉) နာရီခွဲက မိုးဗြဲကျေးရွာအတွင်းရှိ ဘက်စုံသုံးအားကစားခန်းမ၌ အခြေခံအိမ်ဆောက်ပစ္စည်းများ ထောက်ပံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအ​ခြေအ​နေ ကြည့်ရှုစစ်​ဆေး
Jul 04,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယ​နေ့ နံနက် ၉နာရီခွဲက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်​တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများဆောင်ရွက်နိုင်​ရေးအတွက် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများထားရှိရန်​ဆောင်ရွက်​နေမှုကိုကြည့်ရှုစစ်​ဆေးခဲ့သည်။ 
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 04,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
သံတွဲမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ(၅)ဦးနှင့် Quarantine Centre ထားရှိသူ (၂၉)ဦးတို့အား ဆေးရုံမှဆင်းခွင့်ပြု
Jul 04,2021
သံတွဲမြို့၌ ယနေ့ နံနက် ၉ နာရီ ၄၅  မိနစ်က ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ(၅)ဦးနှင့် Quarantine Centre ထားရှိသူ (၂၉)ဦးတို့အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ချီဖွေတွင်  မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အ​ရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကျင်းပ
Jul 04,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့တွင် မြို့နယ်ကိုဗစ်-၁၉ အ​ရေးပေါ်တုန့်ပြန်ရေး ကော်မတီလုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်(၁)နာရီက အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ နှစ်ဦးထပ်မံတွေ့ရှိ
Jul 04,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ   ကိုဗစ်-၁၉ ရောဂါပိုးထိတွေ့ခဲ့သည့် ပြည်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ  ယနေ့  နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၀)နှစ်အရွယ်၊ အမျိုးသားတစ်ဦးနှင့် အသက်(၅၇)နှစ်အရွယ်၊ အမျိုးသားတစ်ဦး စုစုပေါင်း(၂)ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။