သတင်းများ

ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက် ကိုဗစ်-၁၉ သံသယရှိသူ ၅ ဦး စစ်ဆေးရာ အတည်ပြုလူနာ ၃ ဦး ရောဂါပိုးတွေ့ရှိ
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ဇူလိုင် ၃ ရက်နေ့တွင် အနံ့ ပျောက် ကိုဗစ်-၁၉ သံသယရှိသူ ၅ ဦး ရောက်ရှိလာ ၍ RDT(Test Kit) ဖြင့် စစ်ဆေးရာ ကိုဗစ်အတည်ပြု လူနာ (၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပြီး ဦးဖုန်းမင်းသူ၊ ဦးရှိုင်းပိုင်ခန့်နှင့် ဦးစောထူးတို့တွင် ကိုဗစ်-၁၉ တွေ့ရှိခဲ့ပြီး ဦးဖုန်းမင်းသူနှင့် ထိတွေ့ခဲ့သည် (Contact) ၈ ဦး၊ ဦးရှိုင်းပိုင်ခန့်နှင့် ထိတွေ့သည့် (Contact) ၇ ဦး၊ ဦးစောထူးနှင့်ထိတွေ့သူ (Contact) ၄ ဦး စုစုပေါင်း ၁၉ ဦးအား ဝေါမြို့ရွှေဘုန်းပွင် ဓမ္မရိပ်သာ Quarantine တွင် ထားရှိဆောင်ရွက်ခဲ့သည်။
မလှိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင် ကာကွယ်ရေး နည်းလမ်းများ လိုက်လံအသိပေး ကြေညာ
Jul 05,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေချိန်တွင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးတို့ အတွက် ရဟန်းရှင်လူပြည်သူအပေါင်း လိုက်နာဆောင်ရွက်မည့်ကာကွယ်ရေး နည်းလမ်း များကို အများပြည်သူသိရှိနိုင်ရန် အသံချဲ့ဖြင့် လိုက်လံအသိပေး ကြေညာခြင်းကို ယမန်နေ့ညပိုင်းက မလှိုင်မြို့ ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒိုက်ဦး၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ ၂၉ ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့တွင် ဇူလိုင်လ ၄ ရက်နေ့က Positive Contact (၄၇)ဦး၊ အနံ့မရသူ (၁၆)ဦးနှင့် PUI (၂) ဦး စုစုပေါင်း (၆၅ )ဦးအား စစ်ဆေးရာတွင် Positive Contact (၁၆)ဦးနှင့် အနံ့မရသူ၊ (၁၃)ဦး စုစုပေါင်း(၂၉)ဦးတွင် Positive တွေ့ရှိခဲ့သည်။
လှည်းကူးမြို့နယ်၌ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ
Jul 05,2021
ရန်ကုန်မြောက်ပိုင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၈)နာရီက လှည်းကူး မြို့နယ်(က)အဆင့် အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဦးလွင်မြို့ရှိ ခရိုင်အားကစားကွင်းအတွင်း၌ ရောဂါကုသရေး Center ထပ်မံဖွင့်လှစ်ထားရှိ
Jul 05,2021
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်ဇူလိုင် ၂ ရက်နေ့ ၊ နံနက်ပိုင်းမှ စတင်ပြီး ပြင်ဦးလွင်ခရိုင်အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံခန်းမဆောင်များတွင် ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ အမျိုးသား ၊ အမျိုးသမီးသီးသန့်အဆာင်များဖြင့် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ရောဂါကုသရေး Center ကို ထပ်မံတိုးချဲ့ဖွင့်လှစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ဒိုက်ဦးမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေးဆောင်ရွက်
Jul 04,2021
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်သည့်အနေဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အသိပညာပေး ဆောင်ရွက်လျက်ရှိ သည်။
ကျောက်ကြီးမြို့နယ်၌ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်
Jul 04,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချ ရှိ/မရှိကို ကိုဗစ်−၁၉ ကာကွယ်ရေးစားသောက်ဆိုင်များ စိစစ်ကြပ်မတ်ရေး ကော်မတီမှ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။