ပေါက်ခေါင်း ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အုပ်ပုံကျေးရွာနေ အမျိုးသားတစ်ဦးသည် ယမန်နေ့က ဖျားပြီးအနံ့မရရှိသဖြင့် မြို့နယ်ဆေးရုံသို့ အကြောင်းကြားပြီး သွားရောက်ပြသခဲ့ရာ မြို့နယ်အားကစားခန်းမရှိ Quarantine Centre တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ (နှာခေါင်းတို့ပတ်)(RDT)ဖြင့် ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက် ခံထားရကြောင်း သိရှိရသည်။
အဆိုပါ အမျိုးသားကို ပြည်သူ့ဆေးရုံ သီးခြားကုသဆောင်တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အမျိုးသားနှင့်အနီးကပ်ထိတွေ့သူများကိုလည်း မြို့မအားကစား ခန်းမ Quarantine Centre တွင် သီးခြားထားရှိပြီး ရောဂါပိုးကူးစက်ခံရခြင်း ရှိ၊ မရှိ (RDT)ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)