သတင်းများ

ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 04,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး နှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ မြို့မိမြို့ဖများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 04,2021
၂၀၂၁-ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ ကျိုက်ထိုမြို့ကော့စံနိုင်ရပ်ကွက် သပြေကုန်း ကွက်သစ် ၌ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်
Jul 04,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၆) နာရီက ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၃၆)ဦး ရှိပြီးတစ်ဦးသေဆုံး
Jul 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ယမန်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း(၃၆)ဦး ရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်
Jul 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်ခဲ့သည်။
မလှိုင်မြို့လူစည်ကားရာ နေရာများတွင်  Mask Campain ဆောင်ရွက်
Jul 04,2021
 မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်  အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာတင်ဇော်ဝင်း၊ ဦးဇေယျာအောင်၊ အတွင်းရေးမှူး ယာယီရဲမှူး ထိန်လင်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ စုစုပေါင်း(၈၇) ဦးတို့က ယနေ့နံနက်၇နာရီအချိန်တွင် မလှိုင်မြို့ လူစည်ကားရာ နေရာများတွင်  Mask Campain ပြုလုပ်ခဲ့ကြောင်းသိရသည် ။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အောင်မြင်သာစံပြကျေးရွာ အပန်းဖြေစခန်းရှိ ကြိုးတံတားပြုပြင်ဆောက်လုပ်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေး
Jul 04,2021
ကချင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်၊ ဌာဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အပန်းဖြေစခန်းရှိ ကြိုးတံတားပြုပြင် ဆောက်လုပ်ပေးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး (၁)ဦးထပ်မံတွေ့ရှိ
Jul 04,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦး အနံ့မရသဖြင့် ယနေ့ နံနက် ၉နာရီခွဲက ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသပြီး ထိတွေ့ဆက်စပ် သူတစ်ဦးကိုပါ (RDT)ဖြင့် ဆေးစစ်မှုခံယူရာ အနံ့မရသူ အမျိုးသမီးတစ်ဦးတွင်သာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။