ဇလွန်မြို့နယ်၌ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဇလွန် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ရဲတပ်ဖွဲမှ ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ. က (၂)မြို့မကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်အကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းနိုင်က ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်၏ မဏ္ဍိုင်ကြီး (၅) ရပ် အကောင် အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဇလွန်မြို့နယ် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ရင်းရင်းနှီးနှီးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)