ကျိုက်လတ်မြို့တွင် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်ကျင်းပသည့် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျိုက်လတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်ချက်များအား power point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာမိတ်ဘက် အဖွဲ့အစည်းများဖြင့် ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်ရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)