သတင်းများ

မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ (၁၁)ဦးထပ်မံတွေ့ရှိ
Jul 06,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သူနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား ယမန်နေ့ ည ၈ နာရီက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ စစ်ဆေးသူများအနက်မှ (၁၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၁ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက်(၇)နာရီ အချိန်ခန့်က အောင်မင်္ဂလာဘုန်းကြီးကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း mask များ (အခမဲ့) ဖြန့်ဝေ
Jul 06,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁၂ ဦး တွေ့ရှိပြီဖြစ်သည့်အတွက် မြို့နယ်နေပြည်သူများရောဂါကူးစက်မှုမှကာကွယ်နိုင်ရေး နှာခေါင်း စည်း mask များအား အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို မြို့နယ်အတွင်း လူစည်ကားရာ နေရာများတွင် ယနေ့ နံနက် ၈ နာရီအချိန်ကဆောင်ရွက်သည်။
Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်ပေါက်တွင် ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးပေး
Jul 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားလာမှုမရှိစေရေးအတွက် မြို့အဝင်ပေါက်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီထိ ဆီဆိုင်မြို့အဝင်ပေါက်တွင် ဖြတ်သန်းသွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား ကိုယ်အပူချိန်များတိုင်းတာစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား ကိုယ်တိုင်ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက်ရှိ သည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဈေးအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များတွင် သတ်မှတ် စည်းကမ်းချက်များ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်
Jul 06,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရောင်းချနေသော ဈေးအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ ပြင်ဆင်ဆောင်ရွက် ထားရှိနိုင်စေရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးရှင်းပြခြင်း လုပ်ငန်းများဆောင်ရွက်
Jul 06,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ သံလွင်ဦးမြို့မစျေးနှင့်နံနက်ခင်းစျေး၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူ၊ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်း၊ ကမမောင်းမြို့ပြည်သူ့ဆေးရုံ တာဝန်ခံဒေါက် တာဆုရဲထက်၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဒေါ်စိမ်းစိမ်းနွယ်နှင့် ဝန်ထမ်းများမှ စျေးဝင်း၊ စျေးပြင်၌ စျေးရောင်း၊ စျေးဝယ်များအား နှာခေါင်းစည်း mask တပ်ဆင်ကြရန်နှင့် ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စျေးဆိုင်များအား နှိုးဆော်၍ ပညာပေးစည်းရုံးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဟင်္သာတခရိုင် တွင် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်နိုင်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၅/၂၀၂၁ ) ကျင်းပ
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်အတွင်း ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၅/၂၀၂၁ ) ကို ယနေ့ နံနက် ၉ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမ၌ ကျင်းပသည်။
အောင်မြေသာစံမြို့နယ်တွင် ရဟန်းသာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 06,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် ရဟန်း သာမဏေများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်၁၀ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်၊ ပဇ္ဇောတာရုံကျောင်းတိုက်ရှိ တကောင်း ကျောင်းတိုက်တွင် ကျင်းပသည်။