ဆီဆိုင် ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားလာမှုမရှိစေရေးအတွက် မြို့အဝင်ပေါက်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီထိ ဆီဆိုင်မြို့အဝင်ပေါက်တွင် ဖြတ်သန်းသွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား ကိုယ်အပူချိန်များတိုင်းတာစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား ကိုယ်တိုင်ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့အဝင်ဂိတ်တွင် ဖြတ်သန်းသွားလာကြသည့် ရဟန်းရှင်လူမိဘပြည်သူများအား လက်ဆေးဆပ်ပြာရည်ဖြင့် လက်ကို စနစ်တကျ ဆေးကြောစေခြင်း၊ ကိုယ်အပူချိန်များတိုင်းတာ စစ်ဆေးပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျမှတ်တမ်းရယူခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသောသူများအား ကိုယ်တိုင်ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)