သတင်းများ

ကျိုက်ဒုံမြို့တွင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီး
Jul 06,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ၊ကျိုက်ဒုံမြို့တွင် (၂၀၂၀-၂၀၂၁)ခု၊ဘဏ္ဍာရေးနှစ် ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့်ဆင်းရဲမှုလျော့ချရေးရန်ပုံ ငွေ(၉.၉)ကျပ်သန်းဖြင့် အမှတ်(၃)ရပ်ကွက် ကျောက်စိမ်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ် ကြောင်း သိရသည်။
ထီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SARS-COV-2 Vaccine (Vero Cell) Inactivated ထိုးနှံပေး
Jul 06,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ နာရီမှစ၍ပြည်သူများအား တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး SARS-COV-2 Vaccine (Vero Cell) Inactivated ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်မှုရှိစေရေး လိုက်လံစိစစ် ဆောင်ရွက်
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကုသရေးဆိုင်ရာ ဆေးနှင့်ဆက်စပ် ပစ္စည်းများအား ဈေးနှုန်းမှန်ကန်မှုရှိစေရေး လိုက်လံစိစစ် ဆောင်ရွက်ခြင်းကို ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲတို့ ပူပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ဆေးအရောင်းဆိုင်းများအား လိုက်လံစိစစ် ဆောင်ရွက် ကြကြောင်း သိရသည်။
မူဆယ်မြို့တောင်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေး ဆောင်ရွက်လျက်ရှိ
Jul 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊မူဆယ်မြို့ရှိ တောင်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့် ပွားမှုမရှိစေရေးအတွက် ရပ်ကွက်နေပြည်သူများအား တစ်အိမ်လျှင်တစ်ဦးသာ ပြင်ပထွက်ခွာခွင့် ပြုခြင်းများနှင့် ရပ်ကွက်အတွင်း အဝင်/အထွက်သွားလာမှုများအား ကြတ်မတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။       
ရွာကိုင်းကောင်းကျေးရွာ၌ အခြေခံဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်လှစ်
Jul 06,2021
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးနှင့် ဒေသနေပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ပိုင်ကျုံမြို့၊ ရွာကိုင်းကောင်းကျေးရွာအုပ်စု၊ ရွာကိုင်းကောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံံ၌ အခြေခံဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဒု လ.ဝ.ကမှူး ဒေါ်ဥမ္မာကျင် ဦးဆောင်သည့် ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ အမှတ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
နမ္မတူမြို့နယ်တွင် အမျိုးသမီး နှစ်ဦး၌ ကိုဗစ်-၁၉ပိုးတွေ့ရှိ
Jul 06,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ခရီးသွားရာဇဝင် မရှိသော အမျိုးသမီးနှစ်ဦး၌ ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများ ဈေးနှုန်းမြင့်တက်ရောင်းချမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ ယမန်နေ့ ဇူလိုင်(၅)ရက် ညနေပိုင်း၌ မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ ကိုဗစ်-၁၉ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများ ဈေးနှုန်းမြင့်တက်ရောင်းချမှု မရှိစေရေး ကြပ်မတ် ဆောင်ရွက်ခဲ့ကြသည်။