မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ (၁၁)ဦးထပ်မံတွေ့ရှိ

မြစ်သား ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သူနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား ယမန်နေ့ ည ၈ နာရီက ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ  စစ်ဆေးသူများအနက်မှ (၁၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာ(၁၁)ဦးမှာ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ()ဦး၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ()ဦး၊ ကျန်းမာရေး ဝန်ထမ်းမှ()ဦး၊ ပြင်ပမှ()ဦး၊ စုစုပေါင်း(၁၁) ဦးတို့တွင် ရောဂါပိုး တွေ့ရှိကြောင်းနှင့်  မြစ်သားမြို့နယ်တွင် ဇူလိုင်()ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမျိုးသား(၄၄)ဦး၊ အမျိုးသမီး(၂၄)ဦး စုစုပေါင်း(၆၈)ဦး ရှိပြီဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများအား မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ ကျန်းမာရေးကုသဆောင်တွင် သီးသန့် ထားရှိ၍ ကုသပေး လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၁၁)ဦးတို့၏ အတူနေမိသားစုဝင်များအား Home Quarantine အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။