အောင်မြေသာစံ ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် ရဟန်း သာမဏေများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်၁၀ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်၊ ပဇ္ဇောတာရုံကျောင်းတိုက်ရှိ တကောင်း ကျောင်းတိုက်တွင် ကျင်းပသည်။
ရှေးဦးစွာ တကောင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝါယမထံမှ တက်ရောက် လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြကာ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များက ရဟန်းသာမဏေများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြောင်း သိရသည်။
အဆိုပါ နေ့ဆွမ်းဆက်ကပ် လှူဒါန်းရာသို့ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဇော်မျိုးဝေနှင့် ဦးတင်မောင်ဝင်းတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)