သတင်းများ

မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ
Jul 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ များပြားလာသဖြင့် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လိုက်လံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာ
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ရှိ ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေညာခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကော့က ရိတ်မြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများ ထားရှိရန်အဆောင်အား ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လိုအပ်ချက်အရ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူနာများ ထားရှိကုသရန်အဆောင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် သီပေါမြို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ဖျားနာကုသဆောင်အား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၁၀နာရီ အချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
နမ္မတူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူအသိပညာပေး ဆောင်ရွက်
Jul 07,2021
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိပညာပေး ဆော်ဩဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 06,2021
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကျိုင်းတုံမြို့နယ်၊ ဝမ်မောက်ကျေးရွာမှ အိမ်ထောင်စုဝင်များအား ဒေသနွား မျိုးကောင်းမျိုးသန့် ၁၀ ကောင်ထောက်ပံ့ပေးအပ်
Jul 06,2021
ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ထောက်ပံ့ပေးသည့်  ဒေသနွား မျိုးကောင်းမျိုးသန့်၁၀ ကောင် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ကာကွယ် ရေး နည်းလမ်းများနှင့်အညီ ကျင်းပသည်။
နာဂဒေသလေရှီးမြို့၌ Covid-19 ရောဂါကာကွယ်ဆေးထိုးနှံ
Jul 06,2021
စစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသ လေရှီးမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် Covid-19 ရောဂါကာကွယ်ဆေးတတိယအကြိမ်ထိုးနံခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ(၂)ခန်းမတွင် ထိုးနံလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့်မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများးပေါင်း၍ Covid-19 ရောဂါစည်းကမ်းများနှင့်ညီ စနစ်တကျစီမံဆောင်ရွက်ကာ ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ပန်းတနော်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများ၊မြို့မစျေးရှိ စျေးရောင်းစျေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း ပြုလုပ်ခဲ့သည်။