သတင်းများ

Covid-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်ပေါက်တွင် ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့များဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးပေး
Jul 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားလာမှုမရှိစေရေးအတွက် မြို့အဝင်ပေါက်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီထိ ဆီဆိုင်မြို့အဝင်ပေါက်တွင် ဖြတ်သန်းသွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား ကိုယ်အပူချိန်များတိုင်းတာစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား ကိုယ်တိုင်ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်လျက်ရှိ သည်။
ကော့ကရိတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်
Jul 06,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်၌ မိုးဦးကာလအတွင်း ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ခြင်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက် ရှမ်းပိုင်းရပ်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နောင်တရားမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းများဖြန့်ဝေ
Jul 06,2021
COVID-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့အဝင်၌ ယနေ့ နံနက်ပိုင်းတွင် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေး ဆောင်ရွက်သည်။
မိုင်းယောင်းမြို့ မုန်းလိုက်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Jul 06,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယမန်နေ့က မုန်းလိုက်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်−၁၉ အသိပေးလှုံဆော်မှုများ ဆောင်ရွက်
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်−၁၉ အသိပညာပေး လှုံဆော်မှုများကို ယနေ့ နံနက်(၈)နာရီ အချိန်က လူစည်ကားရာ စျေးလမ်းဆုံနှင့် ဆိပ်ကြီးကျေးရွာ မြို့ပေါ်(၇) ရပ်ကွက်ရှိ လမ်းမများ၌ အသိပညာပေးလှုံဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၌ Mask campaign ပြုလုပ်ဆောင်ရွက်
Jul 06,2021
ကမ္ဘာနှင့်တစ်ဝှမ်း COVID-၁၉ ရောဂါများ ကူးစက်ပြန့်နှံ့ခံစားလျက်ရှိရာ ယခု တတိယအကြိမ်တွင် ပိုမိုကူးစက် ပျံ့နှံ့ လျက်ရှိနေသောကြောင့် COVID-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် Mask campaign ပြုလုပ်ခြင်းများကို ယနေ့ နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ တောင်ကြီး- ကျောက်တစ်လုံးသွား ကားလမ်း အဝေရာမီးပုံးပျံကွင်းထိပ်နေရာ၌ တောင်ကြီးမြို့တွင်း ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ် မောင်းများ၊ ဆိုင်ကယ်စီးနင်းသူများ၊ ဈေးလာရောက်ဝယ်ယူသူ ဒေသခံပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ပြည်သူများ၏ ကျန်းမာရေးအတွက် နေ့စဉ်ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦး ပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိ
Jul 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေး အတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်ပြန်/ဆက်ရုံး၌ စာဖတ်ဝိုင်းပြုလုပ်
Jul 06,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရုံးဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။