မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း mask များ (အခမဲ့) ဖြန့်ဝေ

မော်လမြိုင်ကျွန်း၊    ဇူလိုင် ၆

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၁၂ ဦး တွေ့ရှိပြီဖြစ်သည့်အတွက် မြို့နယ်နေပြည်သူများရောဂါကူးစက်မှုမှကာကွယ်နိုင်ရေး နှာခေါင်း စည်း mask များအား အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို မြို့နယ်အတွင်း လူစည်ကားရာ နေရာများတွင် ယနေ့ နံနက် ၈ နာရီအချိန်ကဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ပြန်ကြားရေး  ဆပ်ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ လူစည်ကားရာနေရာဖြစ်သော မြို့အဝင် စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားလာနေကြသည့်ယာဉ်များ၊ လူများနှင့် ချမ်းမြေ့သာယာ ဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်များအား နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေပေးသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ကြေညာချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်၍ အသိပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

အောင်အောင်(ပြန်/ဆက်)