ကွန်ဟိန်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကွန်ဟိန်း ဇူလိုင် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၁ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက်(၇)နာရီ အချိန်ခန့်က အောင်မင်္ဂလာဘုန်းကြီးကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးနေလင်းဦးက စိုက်ပျိုးမည့် ပျိုးပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ပေးအပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် စုစုပေါင်း(၆၀၀)ပင်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲအား သဘာဝပတ်ဝန်း ကျင်စိမ်းလန်းစိုပြေစေရန်၊ သဘာဝတောများ ကောင်းမွန်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူး ဦးနေလင်းဦး ထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)