မင်းဘူး ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရောင်းချနေသော ဈေးအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ ပြင်ဆင်ဆောင်ရွက် ထားရှိနိုင်စေရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာရာရေးအဖွဲ့မှ ဝန်ထမ်းများက မြို့နယ် စည်ပင်သာရေး နယ်နိမိတ်အတွင်းရှိ ကုန်စုံဆိုင်များ၊ လက်လီအရောင်ဆိုင်းများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက် ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ပြင်ဆင် ဆောင်ရွက်ထားရှိရမည့် အချက်များ၊ ဈေးရောင်းချ သူများအနေဖြင့် လိုက်နာ ဆောင်ရွက်ရန် နှင့် ဆိုင်တွင်ကြိုတင်ပြင်ဆင်ထားရှိရမည့်အချက် များ၊ ဈေးအရောင်းဆိုင်များတွင် ဈေးဝယ်သူများအနေဖြင့် လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို အသိပညာပေးရှင်း လင်း ဆောင်ရွက်ခဲ့ကြပြီး အကြောင်းကြားစာနှင့်အတူ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာ များကို ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စည်ပင်သာရာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းထွေးနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီး အတွင်း ဈေးရောင်း/ ဈေးဝယ် များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)